By admin on September 9, 2009
ကောရိ သု သြဝါဒစာဒုတိယစောင် ၁း၂၁-၂၂
သင်တို့နှင့် ငါတို့ကိုခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသောသူကာ့း့ 
ဘုရားသခင်ဖြစ်သတည်း။
ထိုဘုရားသခင်သည့့် 
ငါတို့ကို တံဆိပ်ခတ်၍
ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကို သွင်းပေးတော်မူ၏။
`
ခရစ်တော်၌ တည်ရှိနေသော `သင်´သည်
၁။ လူသစ်ဖြစ်သည်။
ကောရိ သု သြဝါဒစာဒုတိယစောင် ၅း၁၇
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။
ဟောင်းသောအရာတို့သည် ပြောင်းလဲ၍
ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။
၂။ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်သည်။
ဧဖက်သြဝါဒစာ ၂း၁၀
ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊
ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။
ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊
ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
၃။ အသက်ရှင်သောသူဖြစ်သည်။
ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၂၂
လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
၎။ အပြစ်စီရင်ခြင်းနှင့် လွတ်သောသူဖြစ်သည်။
ရောမသြဝါဒစာ ၈း၁-၂
ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍၊
ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်
အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။
ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားသည်
အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏ လက်မှ၎င်း၊
ငါ့ကိုကယ်လွှတ်ပြီ။
၅။ ဘုရားသခင့် အနီးသို့ ရောက်နေသောသူဖြစ်သည်။
ဧဖက်သြဝါဒစာ ၂း၁၃
သင်တို့သည် အထက်က ဝေးလျက် ရှိသော်လည်း၊
ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။
၆။ဘုရားသခင်၏ သားဖြစ်ကြသည်။
ဂလာတိ ၃း၂၆
သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏။
၇။ ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြသည်။
ဂလာတိ ၃း၂၇
ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည်
ခရစ်တော်ကို ယူတင် ဝတ်ဆောင်သော သူဖြစ်ကြ၏။
၈။ ခရစ်တော်နှင့် အတူအောင်ပွဲကို အစဉ်ခံရသောသူဖြစ်သည်။
ကောရိ သု သြဝါဒစာဒုတိယစောင် ၂း၁၄
ငါတို့သည် ခရစ်တော်နှင့် အတူအောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊
ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည်
ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊
ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ရှိစေသတည်း။
၉။ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို
ပေးအပ်ထားခြင်းကို ခံရသောသူဖြစ်သည်။
ဧဖက် ၁း၃-၎
ငါတို့သည် ဘုရားသခင့် ရှေ့တော်၌ မေတ္တာအားဖြင့်
သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊
ဤကမ္ဘာ မတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊
ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို
ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော
ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၁၀။ ကောင်းကင်အရပ်၌ နေရာပေးထားခြင်းကို ခံရသောသူဖြစ်သည်။
ဧဖက်သြဝါဒစာ ၂း၆
ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍
ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။