L.AMCF

အတွေ့ခံဖို့ ငါအကြည့်အရှု ကြွလာမည်။
ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့၌ ကျေးဇူးပြုမည်ဟု ငါကြံစည်၍၊ ဤပြည်သို့ တဖန်ငါဆောင်ခဲ့ဦးမည်။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနှုတ်မပယ်ဘဲ စိုက်ထားမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍၊ ငါသည်လည်းသူတို့၏ ဘုရားသခင်ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။ (ယေရမိ ၂၄း၆-၇)

သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ပို့ဆောင်ဦးမည်။ တဖန် မိန့်တော်မူသည် ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ၊ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကို ရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဘို့ ကြံစည်သောအကြံတို့ကို ငါသိ၏။ တဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း၊ သင်တို့အတွေ့ကို ခံမည်။ (ယေရမိ ၂၉း၁၀-၁၄)

သင်သိချင်ဖို့ဘဲလိုတယ်၊ သင်သိစေဖို့ ဘုရားသခင်ပြင်ဆင်ပြီးပြီ
ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ (ရောမ ၈း၂၈) ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သောသူတို့ အဘို့အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြတော်မူ၏။ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။ လူ၏နက်နဲသောအရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှတပါး အဘယ်သူမျှမသိ။ ငါတို့သည် လောကီဝိညာဉ် ကိုမခံရကြ။ ဘုရားသခင်ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင့်ထံမှ ကြွလာသော ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကိုပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသော ဝိညာဉ်တော်ကို ခံရကြပြီ။  (၁ကော ၂း၉-၁၂၊ဟေရှာယ ၁၁း၂)

ပြင်ဆင်ပြီ
ငါ့ထံ၌  		ဘိသိက်ခံသော သူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ။ ထိုအရှင်၏ ရန်သူများကို  		ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ ဦးရစ် သရဖူသည် ဘုန်းပွင့်လျက်  		ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။ (ဆာလံကျမ်း ၁၃၂း၁၇ခ-၁၈)

ဖြောင့်မတ်သောသူမူကား၊  			မိမိသွားရာလမ်းကို ပြင်ဆင်တတ်၏။ (သုတ္တံကျမ်း ၂၁း၂၉)  မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့်  		တန်ခိုးတိုးပွားသတည်း။ (ရာဇဝင်ချုပ် ဒု ၂၇း၆)

ချဉ်းကပ်ကြစို့
တကျွန်းတနိုင်ငံအရပ်တို့၊ ငါရှေ့မှာငြိမ်ဝပ်စွာနေကြ။  			လူအမျိုးမျိုးတို့၊ အားဖြည့်ကြ၊ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။ (ဟေရှယ ၄၁း၁) ထာဝရဘုရားက၊ ငါသည်သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့  			ချဉ်းကပ်သောသူတို့သည် မှတ်ရမည်။ (ဝတ်ပြုရာကျမ်း ၁၀း၃က) ငါသွေးဆောင်၍ သူတို့သည်  			ငါ့ထံသို့ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှါ၊ အဘယ်သူသည်  			မိမိစိတ်ကို တန်းစေသနည်း။ ထိုအခါသင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း  			သင်တို့၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (ယေရမိ ၃၀း၂၁က-၂၂)

အကျွန်ုပ်မူကား၊ ဘုရားသခင်ထံ  		တော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို  		ကြားပြောခြင်းအလို့ငှာ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက် နေပါ၏။ (ဆာလံကျမ်း ၇၃း၂၈) ပဌနာစကားကို  		နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်း တို့သည်  		ချဉ်းကပ်ရကြလိမ့်မည်၊၊ (ဆာလံကျမ်း ၆၅း၂) အစဉ်မမေ့လျော့ရသော  			ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယဖွဲ့ကြလိမ့်မည်။ (ယေရမိ ၅၀း၅) အိုလူမျိုးတို့ သင်တို့သည် ကြားရအံ့သောငှါချဉ်းကပ်ကြလော့၊၊(ယေရမိ ၃၄း၁)

ဆုကျေးဇူးသည် သင့်အဘို့ 
ရှင်မာကုခရစ်ဝင် ၁၁း၂၂-၂၄

ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ထိုကြောင့် ငါဆိုသည်ကား သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကိုရကြလိမ့်မည်။

ဆာလံကျမ်း ၃၁း၁၉

ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍ လူသားတို့ ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဘို့  ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏၊၊

ရှင်ယာကုပ်သြဝါဒစာ ၁း၁၇

ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှ တို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့ တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။

ကောရိ န္တု သြဝါဒစာပဌမစောင် ၁း၅-၉

သင်တို့သည် ထိုခရစ်တော် အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့ အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။ ထိုကြောင့် သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်း ကို မြော်လင့်၍ နေစဉ်၊ ဆုတော်တစုံတခုမျှမလျော့ဘဲ စုံလင်လျက်ရှိကြ၏။ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ နေ့ရက်၌ အပြစ် တင်စရာအခွင့်နှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့ကိုအဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူ လိမ့်မည်။ ငါတို့ သခင်တည်းဟူသော သားတော်မြတ်သခင်ယေရှုနှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။

ခရစ်တော်၌တည်ရှိနေသော `သင်´
ကောရိ သု သြဝါဒစာဒုတိယစောင် ၁း၂၁-၂၂

သင်တို့နှင့်  			ငါတို့ကိုခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသောသူကာ့း့ 

ဘုရားသခင်ဖြစ်သတည်း။

ထိုဘုရားသခင်သည့့် 

ငါတို့ကို တံဆိပ်ခတ်၍

ငါတို့စိတ်နှလုံးထဲ၌  			ဝိညာဉ်တော်တည်းဟူသော စားရန်ကို သွင်းပေးတော်မူ၏။

ခရစ်တော်၌ တည်ရှိနေသော `သင်´သည်

၁။ လူသစ်ဖြစ်သည်။

ကောရိ သု  			သြဝါဒစာဒုတိယစောင် ၅း၁၇

လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။

ဟောင်းသောအရာတို့သည် ပြောင်းလဲ၍

ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။

ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။

၂။ ယေရှုခရစ်၌ ပြုပြင်၍  		ဖန်ဆင်းတော်မူရာ ဖြစ်သည်။

ဧဖက်သြဝါဒစာ ၂း၁၀

ငါတို့သည်  		ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊

ယေရှုခရစ်၌ ပြုပြင်၍  		ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။

ထိုကောင်းသောအကျင့်တို့၌ ငါတို့သည်  		ကျင်လည်ရမည်အကြောင်း၊

ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

၃။ အသက်ရှင်သောသူဖြစ်သည်။

ကောရိ န္တု  			သြဝါဒစာပဌမစောင် ၁၅း၂၂

လူအပေါင်းတို့သည် ခရစ်တော်အားဖြင့်  			အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။

၎။ အပြစ်စီရင်ခြင်းနှင့် လွတ်သောသူဖြစ်သည်။

ရောမသြဝါဒစာ ၈း၁-၂

ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍၊

ဇာတိပကတိအတိုင်းမကျင့်၊  			ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်

အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။

ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားသည်

အပြစ်တရား၏ လက်မှ၎င်း၊  			သေခြင်းတရား၏ လက်မှ၎င်း၊

ငါ့ကိုကယ်လွှတ်ပြီ။

၅။ ဘုရားသခင့် အနီးသို့ ရောက်နေသောသူဖြစ်သည်။

ဧဖက်သြဝါဒစာ ၂း၁၃

သင်တို့သည် အထက်က ဝေးလျက် ရှိသော်လည်း၊

ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။

၆။ဘုရားသခင်၏  			သားဖြစ်ကြသည်။

ဂလာတိ ၃း၂၆

သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏  			သားဖြစ်ကြ၏။

၇။ ခရစ်တော်ကို  			ယူတင်ဝတ်ဆောင်သော သူဖြစ်ကြသည်။

ဂလာတိ ၃း၂၇

ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည်

ခရစ်တော်ကို  			ယူတင် ဝတ်ဆောင်သော သူဖြစ်ကြ၏။

၈။ ခရစ်တော်နှင့် အတူအောင်ပွဲကို အစဉ်ခံရသောသူဖြစ်သည်။

ကောရိ သု  			သြဝါဒစာဒုတိယစောင် ၂း၁၄

ငါတို့သည် ခရစ်တော်နှင့် အတူအောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊

ထိုသခင်ကို  		သိခြင်း၏ အမွှေးအကြိုင်သည်

ငါတို့အားဖြင့်  		အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊

ပြုတော်မူသော ဘုရားသခင်၏  		ကျေးဇူးတော်ကို ချီးမွမ်းခြင်း ရှိစေသတည်း။

၉။ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို

ပေးအပ်ထားခြင်းကို ခံရသောသူဖြစ်သည်။

ဧဖက် ၁း၃-၎

ငါတို့သည် ဘုရားသခင့် ရှေ့တော်၌  			မေတ္တာအားဖြင့်

သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊

ဤကမ္ဘာ မတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊

ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို

ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော

ငါတို့သခင် ယေရှုခရစ်၏  			ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

၁၀။ ကောင်းကင်အရပ်၌ နေရာပေးထားခြင်းကို ခံရသောသူဖြစ်သည်။

ဧဖက်သြဝါဒစာ ၂း၆

ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍

ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။

သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။
ရှင်ယောဟန်ခရစ်ဝင် ၈း၁၀-၁၁

ယေရှုက့ 

အချင်းမိန်းမ၊ သင့်ကိုအပြစ် တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။

သင်၏အမှုကို အဘယ်သူမျှမစီရင်လောဟု မေးတော်မူ၏။

ထိုမိန်းမကလည့်း့     			အဘယ်သူမျှမစီရင်ပါသခင်ဟု လျှောက်၏။

ငါသည်လည်း သင်၏အမှုကို မစီရင်။

သွားလော့။ နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။

သင်၏ မှားယွင်းခဲ့ဘူးသော အပြစ်ကို စီရင်မည့်သူမရှိပါ။

ဘုရားသခင်မစီရင်ပါ။ သခင်ယေရှုခရစ်တော်လည်းမစီရင်ပါ။

သင်၏အပြစ်ကို သင်လဲမစီရင်ပါနှင့်။

နှုတ်ကပတ်တော်က …

အပြစ်စီရင်သောသူကားအဘယ်သူနည်း။ (ရောမ ၈း၃၄)

ဘုရားသခင် ရွေးကောက်တော်မူသော  			သူတို့ကို အဘယ်သူသည် အပြစ်တင်မည်းနည်း။

ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊  			ဘုရားသခင်ပေတည်း။ (ရောမ ၈း၃၃)

ဟုတ်ပါတယ်…

သင့်ကို  အပြစ်လွှတ်သောသူ၊

သင့်ကို ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ဖြစ်ပါတယ်

ထိုဘုရားသခင်ကလည်း သင့်အနီးမှာဘဲရှိနေပါတယ်၊၊

“ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာ ရှိ၏၊၊

အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့၊၊

အဘယ်သူသည်  			ငါနှင့် ရန်ဘက်ဖြစ်မည်နည်း။ ထိုသူသည် ချဉ်းကပ်စေ။

ကြည့်ရှုလော့၊၊  			အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူသည်။

အဘယ်သူသည် ငါ့ကို တရားရှုံး  			စေမည်နည်း။

ထိုသို့သောသူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့  			ရောက်ကြလိမ့်မည်၊၊

ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်၊၊ (ဟေရှာယ ၅၀း၈-၉)

ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။
အဘယ်သူ ကယ်တင်ခြင်းသို့ ရောက်နိုင်မည်နည်း။

ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သော အမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ (ရှင်လုကာ ၁၈း၂၆-၂၇) ထာဝရဘုရား မတတ်နိုင်သောအမှု  		တစုံတခုရှိသလော။ (ကမ္ဘာဦးကျမ်း ၁၈း၁၄) ယေရှုသခင်မှတပါး  			အဘယ်သူမျှ ကယ်တင်ခြင်း အမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး   			ငါတို့ကို ကယ်တင်နိုင်သော နာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင်  			မပေါ်မရှိ။ (တမန်တော် ၄း၁၁-၁၂) ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။  			ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို  			တတ်နိုင်သည်ဟုမိန့်တော်မူ၏။ (မာကု ၉း၂၃)

ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့်  		ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏။ (ဖိလိပ္ပိ ၄း၁၃) ကိုယ်တော်သည်  		အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။ (ဆာလံကျမ်း ၁၃၉း၅) ကိုယ်တော်သည်  			အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို၎င်း၊ အကြံအစည်တော်ကို  			အဘယ်သူမျှ မတားဆီးနိုင်ကြောင်းကို၎င်း၊ အကျွန်ုပ်သိပါ၏၊၊ (ယောဘ ၄၂း၂)  အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား  			ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို  			မြော်လင့်လျက် နေပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်း  			သော ဘုရား ဖြစ်တော်မူ၏။ (ယေရမိ ၁၄း၂၂)

လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူသည်လည်း  			တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။ (ရောမ ၉း၁၆) အပင်ကိုကြီးပွါး စေသော သူကား၊  		ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူ လည်း  		မတတ်နိုင်။ ကြီးပွါးစေတော်မူ သော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။ (၁ကော ၃း၆-၇) ထို့ကြောင့် ညီအစ်ကိုတို့၊ ယခု ငါသည် သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။  			သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူ အပေါင်းတို့နှင့်အတူ  			သင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကို ငါအပ်နှံ၏။ (တမန်တော် ၂၀း၂၃)

ဂတိထားသောသူကား၊ `ငါ´ ဖြစ်သည်
ငါ၏လူတို့သည် ငါ့ကိုသိကြလိမ့်မည်၊၊ ဂတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်၊၊ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊ (ဟေရှာယ ၅၂း၆) ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဂတိထားသည် အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။ (ကမ္ဘာဦးကျမ်း ၂၈း၁၅) တဖန် မိန့်တော်မူသည်ကား၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ပို့ဆောင်ဦးမည်။ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ၊ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကို ရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဘို့ ကြံစည်သောအကြံတို့ကို ငါသိ၏။ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း၊ သင်တို့အတွေ့ကို ခံမည်။ (ယေရမိ ၂၉း၁၀-၁၄)

မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ခေါ်သောသူ၊ သင်သည်ငါ့ကျွန်ဖြစ်၏ ဟူ၍၄င်း၊ သင့်ကိုငါရွေးချယ်ပြီ၊ သင့်ကိုမပစ်မပယ်ဟူ၍၄င်း၊ ဂတိကို ခံရသောသူ၊၊ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည်သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။ သင့်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ဖြစ်၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်၊၊ သင်နှင့်ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည်ရှာ၍မတွေ့ရ၊၊ သင့်ကို စစ်တိုက်သော သူတို့သည်အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ဖြစ်ကြလိမ့်မည်။ (ဟေရှာယ ၄၁း၉-၁၂)

သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည် အကြောင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။ (တရားဟောရာကျမ်း ၁၁း၂၅)  သင်တို့၏ ဘုရားသခင်ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှာ၎င်း၊ အလွန်ရဲရင့်သောစိတ်ရှိကြလော့။ အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံသော လူမျိုးတို့ကို ထာဝရဘုရား သည် သင်တို့ရှေ့မှာ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။ သင်တို့ တယောက်သော်လည်း အခြားသော သူတထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည်အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။ သို့ဖြစ်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ချစ်ခြင်းငှာ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။ (ယောရှုမှတ်စာ ၂၃း၈-၁၁)

ဂတိတော်
ပဌမ ပဋိညာဉ် တရား လက်ထက်၌ ပြစ်မှားသောအပြစ်ကို လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊  			ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကို ခံရမည်  			အကြောင်း၊ ထိုသခင်သည် ပဋိညာဉ် တရားသစ်၏ အာမခံ ဖြစ်တော်မူ၏။ (ဟေဗြဲ ၉း၁၅) ထိုမှတပါး၊ ယေရှုသည် သာ၍ မြတ်သော ဂတိတော်တို့၌ တည်သော၊  			သာ၍ မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည် နှင့်အညီ၊  			သာ၍ မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။ (ဟေဗြဲ ၈း၆) ထို့ကြောင့် မြော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍  			မတိမ်းယိမ်း မရွေ့လျောဘဲ တည်ကြည်ကြ ကုန်အံ့။ အကြောင်းမူကား၊  			ဂတိ ထားတော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။(ဟေဗြဲ ၁၀း၂၃) ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသော သူတို့သည်၊  			ဘုရားသခင်၏ အကြံအစည်တော် မဖေါက်ပြန် နိုင်ကြောင်းကို အတပ် သိစေခြင်းငှါ၊  			ဘုရားသခင်သည် အကျိန် အားဖြင့် အာမခံတော်မူ၏။ အကြောင်းမူကား၊  			ဘုရားသခင်သည် မုသာ မသုံးနိုင်သော အရာ တည်းဟူသော မဖောက်ပြန်   			မပြောင်းလဲ နိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌  			ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည်  			သက်သာ အားကြီး ကြမည် အကြောင်းတည်း။(ဟေဗြဲ ၆း၁၇-၁၈)

ယေရှုက . . . ငါ့ခမည်းတော်၏  			ဂတိရှိသည်အတိုင်း သင်တို့၌ငါပြုဦးမည်။ (ရှင်လုကာ ၂၄း၃၉)

ထိုသခင်မှာ ဘုရားသခင်၏  ဂတိတော် ရှိသမျှ  			တို့သည် ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်း အလို ငှါ၊  			ဟုတ်မှန်၏ ဟူ၍၄င်း၊ အာမင် ဟူ၍၄င်း ဖြစ်သတည်း။ (၂ကော ၁း၂၀)   ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသော အခွင့်ကို ပေးသော  			ဂတိတော်သည် ငါတို့၌ ရှိရစ် လျက်နှင့်၊ သင်တို့တွင်  			အချို့ တို့သည် မမှီဘဲ နေမည်ကို စိုးရိမ်ကြကုန်အံ့။ (ဟေဗြဲ ၄း၁)

ငါတို့အား ပေးတော်မူသော ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော  		ဂတိတော် ပေတည်း။ (၁ယော ၂း၂၅)

တပါးအမျိုးသားတို့သည်  			ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုးသားတို့နှင့် အမွေခံ၍၊  			တလုံးတဝ တကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့် ဆိုင်သော ဂတိတော်ကို  			ဆက်ဆံ ရကြ သတည်း။ (ဧဖက် ၃း၆) ဂတိတော်သည် ပညတ်တရားနှင့် ဆိုင်သော အမျိုးအနွှယ် တို့၌ ပြည့်စုံသည် သာမက၊  			အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏  			အမျိုးအနွှယ် အပေါင်းတို့၌ ပြည့်စုံမည် အကြောင်း၊ ကျေးဇူးတော်ကြောင့်  			ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်း တရားကိုသာ အမှီပြု၍  			ရောက်နိုင်၏။ ငါသည် သင့်ကို လူမျိုးအများတို့၏ အဘဖြစ်စေ၏ ဟုကျမ်းစာ၌  			လာသည် နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို  			ရှင်စေတော်မူထသော၊ မဖြစ်သေးသော အရာတို့ ကို  			ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊  			ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသော ငါတို့၏ အဘဖြစ်သတည်း။ သင်၏အမျိုးအနွှယ်သည် ထိုသို့ ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊  			မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာ  			အကြောင်း မရှိဘဲလျက် ယုံကြည်၍ မြော်လင့်လေ၏။  ယုံကြည် အားကြီးသည် ဖြစ်၍  			မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့  			ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်း စာရာ၏ ဝမ်းသည် သေကြောင်းကို၎င်း  			မအောက်မေ့၊ ယုံမှားသောစိတ်နှင့် ကင်း၍ ဘုရားသခင်၏  ဂတိတော်ကို တွေးတော  			ခြင်းမရှိ၊ ယုံကြည် အားကြီး သဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊ ဂတိထားတော်မူသော သူသည် ဂတိတော် အတိုင်း တတ်နိုင်တော်မူသည်ကို  			စိတ်စွဲလမ်းလေ၏။ ထိုကြောင့်၊ သူ၏ ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်း  			ကဲ့သို့ မှတ်တော်မူ၏။ (ရောမ ၄း၁၆-၂၂)  သူ၏ ခင်ပွန်း စာရာသည်လည်း  			အရွယ်လွန်သောအခါ၊ ပဋိသန္ဓွေယူနိုင်သော အခွင့်တန်ခိုးကို  			ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိ ထားတော်မူသောသူသည်  			သစ္စာရှိသည်ဟု စိတ်စွဲလန်း ခြင်းရှိ၏။ (ဟေဗြဲ ၁၁း၁၁) သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့်  			ယှဉ်သော ဧဝံဂေလိတရားတည်း ဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို  			ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏   			တံဆိပ် ခပ်ခြင်းကို ခံရကြပြီ။ ပိုင်ထိုက်တော်မူသော သူတို့သည်  			ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့   			မရောက်မှီ ကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စားရန်ဖြစ်တော်မူ၏။ (ဧဖက် ၁း၁၃-၁၄)  			အာဗြဟံ ခံရသော ကောင်းကြီးမင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌  			သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော် နှင့် ယှဉ်သော ဝိညာဉ်တော်ကို  			ယုံကြည်ခြင်းအားဖြင့် ခံရကြမည် အကြောင်းတည်း။ (ဂလာတိ ၃း၁၄) ထိုသို့ ဘုရားသခင်သည်  			လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်  			နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်ကို ခမည်းတော်ထံ၌  			ခံပြီဖြစ်၍ သင်တို့ သိမြင်ကြားရသော အရာကို ညွန်း လောင်း တော်မူ၏။ (တမန် ၂း၃၃)

ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့်  			ခေါ်တော်မူသော ဘုရားကို သိသောဥာဏ်အားဖြင့်၊ ငါ့တို့အား အသက်ရှင်ခြင်း၊  			ဘုရားဝတ်၌ မွေ့လျော်ခြင်း နှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို  			ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။  ထိုသို့သော အားဖြင့်လည်း  			အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများ ကို ငါတို့၌ အပ်ပေးတော်မူပြီ။   			အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီ  			တပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသော  			သူဖြစ်ကြမည် အကြောင်းတည်း။ (၂ပေတရု ၁း၃-၄) ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊  			အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း  ဖြစ်သည် အရာတခုကို မမေ့လျော့ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည်  			ဂတိတော်အရာမှာ နှေးတော်မမူ။ (၂ပေတရု ၃း၈-၉)   			ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏ သားသမီး  			တို့နှင့်၎င်း၊ ဝေးသောသူတို့တွင် ငါတို့၏ ဘုရားသခင် ထာဝရဘုရား  			ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း ဆိုင်သည်။ (တမန် ၂း၃၉) ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊  			ကိုယ်ခန္ဓွာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့နှင့်  			ကိုယ်ကိုကိုယ် ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း  			ပါရမီနှင့်  ပြည့်စုံကြကုန်အံ့။ (၂ကော ၇း၁)