admin | September 9, 2009
ကောရိ သု သြဝါဒစာဒုတိယစောင် ၁း၂၁-၂၂
သင်တို့နှင့် ငါတို့ကိုခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသောသူကာ့း့ 
ဘုရားသခင်ဖြစ်သတည်း။
ထိုဘုရားသခင်သည့့် 
ငါတို့ကို တံဆိပ်ခတ်၍
ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကို သွင်းပေးတော်မူ၏။
`
ခရစ်တော်၌ တည်ရှိနေသော `သင်´သည်
၁။ လူသစ်ဖြစ်သည်။
ကောရိ သု သြဝါဒစာဒုတိယစောင် ၅း၁၇
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။
ဟောင်းသောအရာတို့သည် ပြောင်းလဲ၍
ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။
၂။ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်သည်။
ဧဖက်သြဝါဒစာ ၂း၁၀
ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊
ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။
ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊
ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
၃။ အသက်ရှင်သောသူဖြစ်သည်။
ကောရိ [...]
Category: Uncategorized |
Comments Off
Tags:
admin | September 9, 2009
ရှင်ယောဟန်ခရစ်ဝင် ၈း၁၀-၁၁
ယေရှုက့ 
အချင်းမိန်းမ၊ သင့်ကိုအပြစ် တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။
သင်၏အမှုကို အဘယ်သူမျှမစီရင်လောဟု မေးတော်မူ၏။
ထိုမိန်းမကလည့်း့  အဘယ်သူမျှမစီရင်ပါသခင်ဟု လျှောက်၏။
ငါသည်လည်း သင်၏အမှုကို မစီရင်။
သွားလော့။ နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။
`
သင်၏ မှားယွင်းခဲ့ဘူးသော အပြစ်ကို စီရင်မည့်သူမရှိပါ။
ဘုရားသခင်မစီရင်ပါ။ သခင်ယေရှုခရစ်တော်လည်းမစီရင်ပါ။
သင်၏အပြစ်ကို သင်လဲမစီရင်ပါနှင့်။
`
နှုတ်ကပတ်တော်က …
အပြစ်စီရင်သောသူကားအဘယ်သူနည်း။ (ရောမ ၈း၃၄)
ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်းနည်း။
ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရားသခင်ပေတည်း။ (ရောမ ၈း၃၃)
`
ဟုတ်ပါတယ်…
သင့်ကို အပြစ်လွှတ်သောသူ၊
သင့်ကို ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ဖြစ်ပါတယ်
ထိုဘုရားသခင်ကလည်း သင့်အနီးမှာဘဲရှိနေပါတယ်၊၊
`
“ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာ ရှိ၏၊၊
အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့၊၊
အဘယ်သူသည် [...]
Category: Uncategorized |
Comments Off
Tags:
admin | September 9, 2009
အဘယ်သူ ကယ်တင်ခြင်းသို့ ရောက်နိုင်မည်နည်း။
ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သော အမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ (ရှင်လုကာ ၁၈း၂၆-၂၇) ထာဝရဘုရား မတတ်နိုင်သောအမှု တစုံတခုရှိသလော။ (ကမ္ဘာဦးကျမ်း ၁၈း၁၄) ယေရှုသခင်မှတပါး အဘယ်သူမျှ ကယ်တင်ခြင်း အမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။ (တမန်တော် ၄း၁၁-၁၂) ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။ (မာကု ၉း၂၃)
ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏။ (ဖိလိပ္ပိ ၄း၁၃) [...]
Category: Uncategorized |
Comments Off
Tags:
admin | September 3, 2009
ငါ၏လူတို့သည် ငါ့ကိုသိကြလိမ့်မည်၊၊ ဂတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်၊၊ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊ (ဟေရှာယ ၅၂း၆) ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဂတိထားသည် အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။ (ကမ္ဘာဦးကျမ်း ၂၈း၁၅) တဖန် မိန့်တော်မူသည်ကား၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ပို့ဆောင်ဦးမည်။ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ၊ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကို ရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဘို့ ကြံစည်သောအကြံတို့ကို ငါသိ၏။ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့် [...]
Category: Uncategorized |
Comments Off
Tags:
admin | September 2, 2009
ပဌမ ပဋိညာဉ် တရား လက်ထက်၌ ပြစ်မှားသောအပြစ်ကို လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကို ခံရမည် အကြောင်း၊ ထိုသခင်သည် ပဋိညာဉ် တရားသစ်၏ အာမခံ ဖြစ်တော်မူ၏။ (ဟေဗြဲ ၉း၁၅) ထိုမှတပါး၊ ယေရှုသည် သာ၍ မြတ်သော ဂတိတော်တို့၌ တည်သော၊ သာ၍ မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည် နှင့်အညီ၊ သာ၍ မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။ (ဟေဗြဲ ၈း၆) ထို့ကြောင့် မြော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်း မရွေ့လျောဘဲ တည်ကြည်ကြ ကုန်အံ့။ အကြောင်းမူကား၊ [...]
Category: Uncategorized |
Comments Off
Tags: