admin | December 9, 2009
ငါ့ထံ၌ ဘိသိက်ခံသော သူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ။ ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ ဦးရစ် သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။ (ဆာလံကျမ်း ၁၃၂း၁၇ခ-၁၈)
ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်းကို ပြင်ဆင်တတ်၏။ (သုတ္တံကျမ်း ၂၁း၂၉) မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း။ (ရာဇဝင်ချုပ် ဒု ၂၇း၆)
Category: Uncategorized |
Comments Off
Tags:
admin | December 9, 2009
တကျွန်းတနိုင်ငံအရပ်တို့၊ ငါရှေ့မှာငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ၊ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။ (ဟေရှယ ၄၁း၁) ထာဝရဘုရားက၊ ငါသည်သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ ချဉ်းကပ်သောသူတို့သည် မှတ်ရမည်။ (ဝတ်ပြုရာကျမ်း ၁၀း၃က) ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှါ၊ အဘယ်သူသည် မိမိစိတ်ကို တန်းစေသနည်း။ ထိုအခါသင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (ယေရမိ ၃၀း၂၁က-၂၂)
အကျွန်ုပ်မူကား၊ ဘုရားသခင်ထံ တော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလို့ငှာ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက် နေပါ၏။ (ဆာလံကျမ်း ၇၃း၂၈) ပဌနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်း [...]
Category: Uncategorized |
Comments Off
Tags: