ချဉ်းကပ်ကြစို့
တကျွန်းတနိုင်ငံအရပ်တို့၊ ငါရှေ့မှာငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ၊ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။ (ဟေရှယ ၄၁း၁) ထာဝရဘုရားက၊ ငါသည်သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ ချဉ်းကပ်သောသူတို့သည် မှတ်ရမည်။ (ဝတ်ပြုရာကျမ်း ၁၀း၃က) ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှါ၊ အဘယ်သူသည် မိမိစိတ်ကို တန်းစေသနည်း။ ထိုအခါသင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (ယေရမိ ၃၀း၂၁က-၂၂)
အကျွန်ုပ်မူကား၊ ဘုရားသခင်ထံ တော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလို့ငှာ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက် နေပါ၏။ (ဆာလံကျမ်း ၇၃း၂၈) ပဌနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်း တို့သည် ချဉ်းကပ်ရကြလိမ့်မည်၊၊ (ဆာလံကျမ်း ၆၅း၂) အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယဖွဲ့ကြလိမ့်မည်။ (ယေရမိ ၅၀း၅) အိုလူမျိုးတို့ သင်တို့သည် ကြားရအံ့သောငှါချဉ်းကပ်ကြလော့၊၊(ယေရမိ ၃၄း၁)
