သင်သိချင်ဖို့ဘဲလိုတယ်၊ သင်သိစေဖို့ ဘုရားသခင်ပြင်ဆင်ပြီးပြီ
ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ (ရောမ ၈း၂၈) ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သောသူတို့ အဘို့အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြတော်မူ၏။ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။ လူ၏နက်နဲသောအရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှတပါး အဘယ်သူမျှမသိ။ ငါတို့သည် လောကီဝိညာဉ် ကိုမခံရကြ။ ဘုရားသခင်ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင့်ထံမှ ကြွလာသော ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကိုပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသော ဝိညာဉ်တော်ကို ခံရကြပြီ။ (၁ကော ၂း၉-၁၂၊ဟေရှာယ ၁၁း၂)
