L.AMCF

အယ်လ်အေမြန်မာခရစ်ယာန်မိဿဟာရ

ဂတိတော်

ပဌမ ပဋိညာဉ် တရား လက်ထက်၌ ပြစ်မှားသောအပြစ်ကို လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကို ခံရမည် အကြောင်း၊ ထိုသခင်သည် ပဋိညာဉ် တရားသစ်၏ အာမခံ ဖြစ်တော်မူ၏။ (ဟေဗြဲ ၉း၁၅) ထိုမှတပါး၊ ယေရှုသည် သာ၍ မြတ်သော ဂတိတော်တို့၌ တည်သော၊ သာ၍ မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည် နှင့်အညီ၊ သာ၍ မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။ (ဟေဗြဲ ၈း၆) ထို့ကြောင့် မြော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်း မရွေ့လျောဘဲ တည်ကြည်ကြ ကုန်အံ့။ အကြောင်းမူကား၊ ဂတိ ထားတော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။(ဟေဗြဲ ၁၀း၂၃) ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသော သူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော် မဖေါက်ပြန် နိုင်ကြောင်းကို အတပ် သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန် အားဖြင့် အာမခံတော်မူ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာ မသုံးနိုင်သော အရာ တည်းဟူသော မဖောက်ပြန်  မပြောင်းလဲ နိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ကိုယ်ရှေ့၌ ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည် သက်သာ အားကြီး ကြမည် အကြောင်းတည်း။(ဟေဗြဲ ၆း၁၇-၁၈)

ယေရှုက . . . ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ငါပြုဦးမည်။ (ရှင်လုကာ ၂၄း၃၉)

ထိုသခင်မှာ ဘုရားသခင်၏  ဂတိတော် ရှိသမျှ တို့သည် ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်း အလို ငှါ၊ ဟုတ်မှန်၏ ဟူ၍၄င်း၊ အာမင် ဟူ၍၄င်း ဖြစ်သတည်း။ (၂ကော ၁း၂၀)   ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသော အခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့ တို့သည် မမှီဘဲ နေမည်ကို စိုးရိမ်ကြကုန်အံ့။ (ဟေဗြဲ ၄း၁)

ငါတို့အား ပေးတော်မူသော ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော် ပေတည်း။ (၁ယော ၂း၂၅)

တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုးသားတို့နှင့် အမွေခံ၍၊ တလုံးတဝ တကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့် ဆိုင်သော ဂတိတော်ကို ဆက်ဆံ ရကြ သတည်း။ (ဧဖက် ၃း၆) ဂတိတော်သည် ပညတ်တရားနှင့် ဆိုင်သော အမျိုးအနွှယ် တို့၌ ပြည့်စုံသည် သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွှယ် အပေါင်းတို့၌ ပြည့်စုံမည် အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်း တရားကိုသာ အမှီပြု၍ ရောက်နိုင်၏။ ငါသည် သင့်ကို လူမျိုးအများတို့၏ အဘဖြစ်စေ၏ ဟုကျမ်းစာ၌ လာသည် နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသော အရာတို့ ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသော ငါတို့၏ အဘဖြစ်သတည်း။ သင်၏အမျိုးအနွှယ်သည် ထိုသို့ ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာ အကြောင်း မရှိဘဲလျက် ယုံကြည်၍ မြော်လင့်လေ၏။  ယုံကြည် အားကြီးသည် ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်း စာရာ၏ ဝမ်းသည် သေကြောင်းကို၎င်း မအောက်မေ့၊ ယုံမှားသောစိတ်နှင့် ကင်း၍ ဘုရားသခင်၏  ဂတိတော်ကို တွေးတော ခြင်းမရှိ၊ ယုံကြည် အားကြီး သဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊ ဂတိထားတော်မူသော သူသည် ဂတိတော် အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။ ထိုကြောင့်၊ သူ၏ ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်တော်မူ၏။ (ရောမ ၄း၁၆-၂၂)  သူ၏ ခင်ပွန်း စာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓွေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိ ထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလန်း ခြင်းရှိ၏။ (ဟေဗြဲ ၁၁း၁၁) သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရားတည်း ဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏   တံဆိပ် ခပ်ခြင်းကို ခံရကြပြီ။ ပိုင်ထိုက်တော်မူသော သူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့  မရောက်မှီ ကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စားရန်ဖြစ်တော်မူ၏။ (ဧဖက် ၁း၁၃-၁၄)  အာဗြဟံ ခံရသော ကောင်းကြီးမင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော် နှင့် ယှဉ်သော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံရကြမည် အကြောင်းတည်း။ (ဂလာတိ ၃း၁၄) ထိုသို့ ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော် နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့ သိမြင်ကြားရသော အရာကို ညွန်း လောင်း တော်မူ၏။ (တမန် ၂း၃၃)

ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဥာဏ်အားဖြင့်၊ ငါ့တို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း နှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။  ထိုသို့သော အားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများ ကို ငါတို့၌ အပ်ပေးတော်မူပြီ။  အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီ တပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသော သူဖြစ်ကြမည် အကြောင်းတည်း။ (၂ပေတရု ၁း၃-၄) ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း  ဖြစ်သည် အရာတခုကို မမေ့လျော့ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ (၂ပေတရု ၃း၈-၉)  ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏ သားသမီး တို့နှင့်၎င်း၊ ဝေးသောသူတို့တွင် ငါတို့၏ ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း ဆိုင်သည်။ (တမန် ၂း၃၉) ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓွာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ်ကိုကိုယ် ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း ပါရမီနှင့်  ပြည့်စုံကြကုန်အံ့။ (၂ကော ၇း၁)