ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။
အဘယ်သူ ကယ်တင်ခြင်းသို့ ရောက်နိုင်မည်နည်း။
ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သော အမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ (ရှင်လုကာ ၁၈း၂၆-၂၇) ထာဝရဘုရား မတတ်နိုင်သောအမှု တစုံတခုရှိသလော။ (ကမ္ဘာဦးကျမ်း ၁၈း၁၄) ယေရှုသခင်မှတပါး အဘယ်သူမျှ ကယ်တင်ခြင်း အမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။ (တမန်တော် ၄း၁၁-၁၂) ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်သည်ဟုမိန့်တော်မူ၏။ (မာကု ၉း၂၃)
ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏။ (ဖိလိပ္ပိ ၄း၁၃) ကိုယ်တော်သည် အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။ (ဆာလံကျမ်း ၁၃၉း၅) ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မတားဆီးနိုင်ကြောင်းကို၎င်း၊ အကျွန်ုပ်သိပါ၏၊၊ (ယောဘ ၄၂း၂) အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို မြော်လင့်လျက် နေပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်း သော ဘုရား ဖြစ်တော်မူ၏။ (ယေရမိ ၁၄း၂၂)
လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။ (ရောမ ၉း၁၆) အပင်ကိုကြီးပွါး စေသော သူကား၊ ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူ လည်း မတတ်နိုင်။ ကြီးပွါးစေတော်မူ သော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။ (၁ကော ၃း၆-၇) ထို့ကြောင့် ညီအစ်ကိုတို့၊ ယခု ငါသည် သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူ အပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကို ငါအပ်နှံ၏။ (တမန်တော် ၂၀း၂၃)
