L.AMCF

အယ်လ်အေမြန်မာခရစ်ယာန်မိဿဟာရ

သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။

ရှင်ယောဟန်ခရစ်ဝင် ၈း၁၀-၁၁

ယေရှုက့ 

အချင်းမိန်းမ၊ သင့်ကိုအပြစ် တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။

သင်၏အမှုကို အဘယ်သူမျှမစီရင်လောဟု မေးတော်မူ၏။

ထိုမိန်းမကလည့်း့    အဘယ်သူမျှမစီရင်ပါသခင်ဟု လျှောက်၏။

ငါသည်လည်း သင်၏အမှုကို မစီရင်။

သွားလော့။ နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။

`

သင်၏ မှားယွင်းခဲ့ဘူးသော အပြစ်ကို စီရင်မည့်သူမရှိပါ။

ဘုရားသခင်မစီရင်ပါ။ သခင်ယေရှုခရစ်တော်လည်းမစီရင်ပါ။

သင်၏အပြစ်ကို သင်လဲမစီရင်ပါနှင့်။

`

နှုတ်ကပတ်တော်က …

အပြစ်စီရင်သောသူကားအဘယ်သူနည်း။ (ရောမ ၈း၃၄)

ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်းနည်း။

ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရားသခင်ပေတည်း။ (ရောမ ၈း၃၃)

`

ဟုတ်ပါတယ်…

သင့်ကို အပြစ်လွှတ်သောသူ၊

သင့်ကို ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ဖြစ်ပါတယ်

ထိုဘုရားသခင်ကလည်း သင့်အနီးမှာဘဲရှိနေပါတယ်၊၊

`

“ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာ ရှိ၏၊၊

အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့၊၊

အဘယ်သူသည် ငါနှင့် ရန်ဘက်ဖြစ်မည်နည်း။ ထိုသူသည် ချဉ်းကပ်စေ။

ကြည့်ရှုလော့၊၊ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူသည်။

အဘယ်သူသည် ငါ့ကို တရားရှုံး စေမည်နည်း။

ထိုသို့သောသူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်၊၊

ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်၊၊ (ဟေရှာယ ၅၀း၈-၉)