L.AMCF

အယ်လ်အေမြန်မာခရစ်ယာန်မိဿဟာရ

Welcome To Our Site...

ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏ ဟုမိန့်တော်မူ၏။

September 2010
M T W T F S S
« Feb    
 12345
6789101112
13141516171819
20212223242526
27282930  

ခံယူကြသောအခါ့ 

By admin on August 27, 2009

သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။ (ရှင်ယာကုပ်သြဝါဒစာ ၁း၂၁)  ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည် နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။ (သက်သာလောနိတ်သြဝါဒစာပဌမစောင် ၂း၁၃)   ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။ (ကောလောသဲသြဝါဒစာ ၃း၁၆) လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သော အကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။ (ရှင်ယာကုပ်သြဝါဒစာ ၁း၂၅)

ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရသော အခွင့်ကိုပေးသော ဂတိတော်သည် ငါတို့၌ရှိသည်။ (ဟေဗြဲ ၄း၁) ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝမ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။ (ဟေဗြဲ ၄း၃) ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူ(အပေါင်း)တို့ကဲ့ သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော (ဂတိတော်နှင့်ယှဉ်သော ၀မ်းမြောက်စရာသိတင်း) တရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။ (ဟေဗြဲ ၄း၂) ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။  (ဟေဗြဲ ၄း၃) ဝမ်းမြောက်စရာသိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။ (ဟေဗြဲ ၄း၎)

အထဲ၌

By admin on August 27, 2009

လူအထဲ၌ လူ၏ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား(ဇာခရိအနာဂတ္တိကျမ်း ၁၂း၁)့    အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊ (ဆာလံကျမ်း ၅၁း၁၀)

ထာဝရဘုရား၏ ဝိညာဉ်တော်သည် မိမိလူတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူ၏၊၊ (ဟေရှာယအနာဂတ္တိကျမ်း ၆၃း၁၁၊၁၄) ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။ ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့် အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။ ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။ (ရောမသြဝါဒစာ ၈း၉-၁၁)

ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည် (ရှင်လုကာခရစ်ဝင် ၁၇း၂၁) သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း၊ မသိကြသလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏၊ ထိုသူကိုဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော်ဖြစ်ကြ၏။ (ကောရိ န္တု သြဝါဒစာပဌမစောင် ၃း၁၆-၁၇) သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားကြစေလော့။ (ကောရိ န္တု သြဝါဒစာပဌမစောင် ၆း၂၀)

သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ် စိုးစေ။ ထိုသို့အလိုငှါ သင်တို့သည် တလုံးတကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍၊ ကျေးဇူးတော် ကိုသိသောစိတ်ရှိကြလော့။ စကားပြော သော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှု တို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။ (ကောလောသဲသြဝါဒစာ ၃း၁၅၊၁၇)

သတိထား သိဖို့ ရာပြောကြား အမင်္ဂလာ ခုနှစ်ပါး

By admin on August 25, 2009

ထာဝရဘုရား မုန်းတော်မူသော အရာခြောက်ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနှစ်ပါး

(သုတ္တံကျမ်း ၆း၁၆-၁၉)

ထောင်လွှားသော မျက်နှာတပါး၊

မုသာ၌ ကျင်လည်သောလျှာတပါး၊

အပြစ်မရှိသော သူ၏ အသက်ကိုသတ်သော လက်တပါး၊

မကောင်းသော အကြံကို ကြံစည်သော နှလုံးတပါး၊

အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊

မုသာစကားကိုပြော၍ မမှန်သော သက်သေတပါး၊

အပေါင်းဘော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သော သူတပါး။

မြွေဆိုးအမျိုးဟု သတ်မှတ်ခြင်းခံရသော အမင်္ဂလာရှိသောသူ

ရှင်မဿဲခရစ်ဝင် ၂၃း၁၃-၃၃

ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသောသူ

မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသောပဌနာစကားကို ရွတ်တတ်ကြသောသူ

လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်း ပတ်ပတ်လည်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြသောသူ

ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် မတည်။ ဗိမာန်တော်၏ရွှေကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု ဆိုကြသောသူ။ တနည်းကား၊ ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု ဆိုကြသောသူ

ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြသောသူ၊ ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလားအုပ်ကိုမျိုကြသောသူ

ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။  အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့် ပြည့်လျက်ရှိသောသူ။ တနည်းကား၊ အပြင်၌လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့် ပြည့်လျက်ရှိသောသူ

ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သတ်သည်အမှုကို လက်မခံပြီဟု ဆိုကြသောသူ 

သင်တို့ကို အဆွေဟူ၍ ငါခေါ်၏

By admin on August 23, 2009

ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာ ထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။

သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။

ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍ မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။

သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။ (ရှင်ယောဟန် ၁၅း၁၃-၁၅)

အဆွေခင်ပွန်းသည် အခါ ခပ်သိမ်းချစ်တတ်၏။ (သုတ္တံ ၁၇း၁၇)

နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့သို့

ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေခင်ပွန်း၏

ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏၊၊

ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်းကို မစွန့်နှင့်၊၊ (သုတ္တံ ၂၇း၉-၁၀)

ခပ်သိမ်းသော

By admin on August 21, 2009

ထာဝရဘုရားသည် ပလင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍ ၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကို နှံ့ပြား၏။ (ဆာလံ ၁၀၃း၁၉ ) ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေရှင်ထာဝရဘုရားပေတည်း။ (ယေရမိအနာဂတ္တိကျမ်း ၁၀း၁၆) ငါထာဝရဘုရားသည် ခပ်သိမ်းသောသတ္တဝါတို့ကို အစိုးရသောဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သောအရာတစုံတခု ရှိလိမ့်မည်လော့။ (ယေရမိအနာဂတ္တိကျမ်း ၃၂း၂၇) 

အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသော သူတို့၏ အထွဋိ၊ မြင့်မြတ်တော်မူ၏။ (ရာဇဝင်ချုပ်ပဌမစောင် ၂၉း၁၁) ကိုယ်တော်သည် ခပ်သိမ်းသောသူတို့ကို အုပ်စိုးတော်မူ၏။ (ရာဇဝင်ချုပ်ပဌမစောင် ၂၉း၁၂) ခပ်သိမ်းသောသူတို့အား ကြီးမြတ်သောအခွင့်နှင့် ခိုင်ခန့်သောအခွင့်ကို ပေးပိုင်တော်မူ၏။ (ရာဇဝင်ချုပ်ပဌမစောင် ၂၉း၁၂) ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ (ရာဇဝင်ချုပ်ပဌမစောင် ၂၉း၁၄)

ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ (ကမ္ဘာဦးကျမ်း ၉း၃ခ) ဘုန်းတော်ကို တပါးအမျိုးသားတို့၌၄င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၄င်း ဖော်ပြကြလော့။ (ဆာလံ ၉၆း၃) ဗိမာန်တော်၌ ခပ်သိမ်းသော သူတို့သည် ဘုန်းတော်ကို ဘော်ပြကြစေ။ (ဆာလံ ၂၉း၉)

ခပ်သိမ်းသောသူတို့သည် ခပ်သိမ်းသော အမှုအရာတို့နှင့် ဆက်ဆံကြ၏။ (ဒေသနာကျမ်း ၉း၂) ထာဝရဘုရား၏ မျက်စိတော်သည် ခပ်သိမ်းသော အရပ်၌ရှိ၍၊ ကောင်း မကောင်းကို ကြည့်ရှုတော်မူ၏။ (သုတ္တံ ၁၅း၃) ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသောအမှုထဲက ထွက်မြောက်လိမ့်မည်။ (ဒေသနာကျမ်း ၇း၁၈) ထာဝရဘုရားကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။ မင်းပြုသောကျေးဇူးကို များသောသူတို့သည် ကြိုးစား၍ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသော သူတို့၏ အမှုကို ထာဝရဘုရားစီရင်တော်မူ၏။ (သုတ္တံ ၂၉း၂၅ခ-၂၆) ခပ်သိမ်းသောအရာတို့ကို မိမိတို့ အချိန်တန်မှ၊  လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ၊၊ (ဒေသနာကျမ်း ၃း၁၁) ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ်မြင်ပါပြီ၊၊ (ဆာလံ ၁၁၉း၉၆) ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ (ဆာလံ ၃၄း၁) 

ဘုရားသခင်ကို ကိုးကွယ်ခြင်း

By admin on August 20, 2009

ဟေဗြဲ ၁၂း၂၈-၂၉

မလှုပ်သောအရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်။

ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊

ခန့်ငြားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာဝတ်ပြုနိုင်မည်အကြောင်း၊

ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။

ခွေးတို့ကို ရှောင်ကြလော့။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့။

ဖိလိပ္ပိသြဝါဒစာ ၃း၂-၃ 

အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့။

ငါတို့သည် စိတ်ဝိညာဉ် အားဖြင့် ဘုရားသခင်ကိုကိုးကွယ်၍၊

ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍၊

မှန်သောအရေဖျားလှီးခြင်းကို ခံသောသူဖြစ်ကြ၏။

ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊

ရှင်ယောဟန်ခရစ်ဝင် ၄း၂၃-၂၄

 ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။

အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။

ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။

ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊

နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။

မင်္ဂလာပါ

By admin on February 9, 2009

ကြိုဆိုပါ၏။

ပြုပြင်ဆဲ ဖြစ်ပါသည်။